ချောင်းဆုံ ဇူလိုင်           ၂၁

ယခုချိန်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများမြင့်တက်နေပြီး သေဆုံးမှုများမြင့်တက် လျက်ရှိရာ ပြည်သူများအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုကို လျော့နည်းစေရန်နှင့် ထိရောက်စွာ ကုသ ထိန်းချုပ်နိုင်ရန်အတွက် ချောင်းဆုံမြို့နယ်တွင် ဇူလိုင် ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေး အိမ်တွင်းနေထိုင်ရမည့်စည်းကမ်းချက်များအား  အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီက ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မိမိအိမ်တွင်း၌သာနေ ထိုင်ကြရန်၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ ဆက်ဆံရပါက(Face Shield)ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင် လုပ်ကိုင်ပါ၊ လူစု လူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ်အခန်းများ၊ အဲကွန်းခန်းများ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတက်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အသက်(၆၀)နှစ် အထက် အသက်အရွယ်ကြီးရင့် သူဆီးချို၊ သွေးတိုး၊ နှလုံး၊ စသည့်နာတာရည် ရောဂါရှိ သူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက် ခြင်းတို့မှ ရှောင်ကြည်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လူစုလူဝေးပြုလုပ်ပါက တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။

ချောင်းဆုံ(ပြန်/ဆက်)