မုဒုံ   ဇူလိုင်   ၂၁

မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အတွင်း လူစည်ကားရာနေရာများနှင့် ရပ်ကွက်/ ကျေးရွာများတွင် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင် ထွက်လျှင်ပါးစပ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ထားပါ၊ လူအများနှင့်ထိ တွေ့ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကို   တွဲဖက်တပ်ဆင်ပါ၊     တစ်ဦးနှင့် တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြော ပါ၊  အလုံပိတ်ခန်းများ၊    အဲကွန်းခန်းများ၊ လေဝင်လေထွက်မကောင်းသော  အခန်းများသို့ သွား ရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့  ထွက်လေ့ရှိသူများအနေဖြင့်          အိမ်ရှိ အသက် (၆၀)နှစ် အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာ ရှည်ရောဂါရှိ သူများနှင့်အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက် လျှင်ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ မတပ်ဆင်ခြင်းနှင့် လူစုလူဝေးပြု လုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းစသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး     အသိပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော် ခဲ့သည်။

မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  ကြီးကြပ်မှုဖြင့်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)