လက်ပံတန်း ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း GTI ကိုဗစ်-၁၉ ကုသရေးစင်တာ၊ ပြည်သူ့ ဆေးရုံ Isolation Ward၊ အ.ထ. က ခမုံဆိပ်၊ အ.ထ.က ဇီးဖြူကုန်း၊ အ.ထ.က သာရဝေါ၊ အ.ထ.က မကျီးကွင်း၊ အ.ထ.က ဖိုးခေါင်စု၊ အ.ထ.က(၂)၊ အ.လ.က ကျွန်းကလေးတို့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အသက်၈၂နှစ် အဘွားတစ်ဦးအပါအဝင် လူနာ(၅၃)ဦး ကင်းစင်ပြီး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။ 

မြို့နယ်အတွင်းရှိ ကိုဗစ်ပိုး ဓာတ်ခွဲအတည်ပြုလူနာများ သီးသန့်ထားရှိရာ နေရာများမှ ကျန်းမာရေးကောင်းမွန်သူ (၅၃)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး ထောက်ခံချက် ဆေးလက်မှတ်များကို ပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာ စောင့်ကြည့်မှုခံယူရန်မှာကြားခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့တွင် ဇွန်လ ၇ ရက်နေ့မှစ၍ သေဆုံးသူ (၃၇) ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၂၈၁) ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပြောကြားချက်အရမှ သိရသည်။

ဝင့်နန္ဒာဌေး