ရွှေကူ  ဇူလိုင်     ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ဇွန်လ ၂၈ ရက်နေ့မှစတင်၍  ကိုဗစ် -၁၉ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာ များပြားလာသည့်အတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်၍ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home ) သတ်မှတ်ကြေငြာခဲ့ကြောင်း သိရသည်။

 

အဆိုပါ သတ်မှတ်ကြေငြာရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် အမိန့်အမှတ် ၂၉၃/ ၂၀၂၁ ကြေငြာချက်ဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home ) အစီအစဉ်တွင် အကျုံးဝင်ကြောင်း မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည် ကြေငြာခဲ့ကာ ရွှေကူမြို့ တော်ခန်းမရှေ့ လမ်းမကြီး၊ သင်္ဘောဆိပ်ရှိ လူစည်ကားရာနေရာများတွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်

ထွက်ခြင်း ရှိ / မရှိကို မြို့နယ်တာဝန်ရှိသူများနှင့် မြို့နယ် ကိုဗစ်၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိိကြောင်း သိရသည်။

 

ရွှေကူမြို့နယ်/ပြန်ဆက်