တာချီလိတ် ဇူလိုင် ၂၁

တာချီလိတ်မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အခြေခံ စားကုန်များပံ့ပိုးပေးခြင်း အခမ်းအနားကို ခရိုင်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း ၅၀ ဦး အတွက် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၄၅၀ ခန့်တန်ဖိုးရှိသည့် အခြေခံစားကုန်များကို လှူဒါန်းပေးခြင်း ဖြစ်ပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်ကလက်ခံရယူခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေသောကာလ၌ အချိန်ပြည့်တာဝန်ထမ်းဆောင်နေရေသာ ကျန်းမာရေးဝန်ထမ်းများအတွက် မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်ပြုဖြစ်စေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း မြို့ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌက ပြောကြား သည်။

ယာဆေး (ပြန်/ဆက်)

IMG20210721102803 (1)