မင်းပြား ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးအသိပညာ ပေးနှိုးဆော်ခြင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မိမိနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ဆိုးကြီးသည် လျှင်မြန်စွာကူးစက်ပျံ့ပွား နေသဖြင့် လူအများဒုက္ခ ဆင်းရဲဖြစ်ကြပြီး သေဆုံးမှုမြင့်မား လျက်ရှိပါတယ်။ ထိုသို့ကူးစက်ဖြစ်ပွား နေမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးနေပြီး ပြည်သူ များက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ် မနေ အိမ်တွင်း၌သာနေထိုင်ကြပါ၊ သို့မှသာ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မိမိတို့နေအိမ်တွင် ပြင်ပမှလာသောဧည့်သည် များလက်မခံပါရန်နှင့်၊ ထို့အတူမိမိတို့ကလည်း အခြားသူများထံသွားရောက်ခြင်း မပြုကြရန်ဖြစ် ပါတယ်။ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မ တပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကျဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကျဉ်ကြပါရန် စသောအချက်များအား တိုက်တွန်းနှိုးဆော် အသိပညာပေးနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အလယ်ပိုင်းရပ်ကွက်၊ ပြည်တော် သာ၊ ဈေးဟောင်းရပ်ကွက်၊ အောက်ရွာရပ်ကွက်စသောနေရာများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မြို့တွင်း လှည့်လည်အသိပညာပေးနှိုဆော်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


