ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်- ၁၉ ထပ်မံကူးစက်သူ အ၁၂ ဦးအထိ တိုးလာ

mdn

 

ဗနောင်ပင် ဇူလိုင် ၂၂

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်- ၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၈၁၂ ဦး ရှိလာခဲ့ရာ ၎င်းတို့အနက် ၂၇၉ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၁၉၆၀၈ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။

 

ကိုဗစ်- ၁၉ ကြောင့် နောက်ထပ် ၁၉ ဦးသေဆုံးခဲ့မှုနှင့်အတူ စုစု ပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၁၆၈ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်းထုတ်ပြန်ဖော်ပြလိုက် သည်။ ထို့အပြင် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုမှ ၇၄၀ ထပ်မံကောင်းမွန်လာပြီးနောက် စုစုပေါင်း နာလန်ပြန်ထူလသူပေါင်း၆၁၇၇၉ ဦးအထိ ရှိလာခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ အိုဗန်ဒင်း က ပြည်သူများကို ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ၁ ဒသမ ၅ မီတာ ကွာရန် ဆက်လက်အမိန့်ထုတ်ပြန်လိုက်သည်။

 

ယခုလိုလုပ်ဆောင်ခြင်းဖြင့် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုမှ တားဆီးကာကွယ်ပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ရာတွင် ယခုလို လမ်းညွှန်ချက်များကို မကြာခဏ လိုက်နာ လုပ်ဆောင်ခြင်းသည် မိမိတို့ကို ကူညီရာရောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားလိုက်သည်။

 

 

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သောကမ္ဘောဒီးယားနိုင်ငံသည် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်မှစကာ စတင်လုပ်ဆောင်ခဲ့သည်။ ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုများ လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံသည် အဓိက အရေးကြီးဆုံး ထောက်ပံ့ သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

 

ယခုအချိန်အထိ လူပေါင်း ၆ ဒသမ ၂ သန်း သို့မဟုတ် သက်ကြီး လူဦးရေ ၁၀ သန်း၏ ၆၂ ရာခိုင်နှုန်းကို ကိုဗစ်- ၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးပေးခဲ့ကြောင်း သိရသည်။

 

စုပေါင်းစွမ်းအားနှင့် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခြင်းသည် ကိုဗစ်- ၁၉ကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် အကောင်းဆုံးဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် လီအိုင်လန်က ပြောကြားခဲ့သည်။

 

ဆင်ဟွာ