အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါကြောင့် ၁၃၈၃ ဦး ထပ်မံသေဆုံး

mdn

 

ဂျကာတာ ဇူလိုင် ၂၂

 

အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၇၇၂ ဦး ရှိလာ သောကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၉၈၃၈၃၀ ရှိလာပြီး တစ်ရက် တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၈၃ ဦး ရှိသောကြောင့် အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၇၇၅၈၃ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။ အလားတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၂၃၅၆၅၅၃ ဦး ရှိလာ ကြောင်း သိရသည်။

 

နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့လျက်ရှိပြီး အချို့ ဒေသများတွင် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

နိုင်ငံအတွင်းလက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ