မြင်းမူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး နှိုးဆော်လျက်ရှိ

မြင်းမူ ဇူလိုင် ၂၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့်   မြို့နယ်အတွင်း လတ်တလောကူးစက်မှု ဖြစ်ပေါ်လျက်ရှိသည့်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ ပူးပေါင်းပြီး ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက မြို့ပေါ်ရက်ကွက်အသီးသီးသို့ လှည့်လှည်သွားရောက်ကာ ကိုဗစ် - ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည့်    ကိုဗစ်ရောဂါလက္ခဏာခံစားနေရသူများနှင့် အနီးကပ် ထိတွေ့ခြင်းမှရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ မလိုအပ်ဘဲအပြင်သို့ မထွက်ရန်၊  မဖြစ်မနေထွက်ပါက ပါးစပ်နှာခေါင်းစည်းကို  စနစ်တကျ တပ်ဆင်ရန်၊  လူစုလူဝေးမပြုလုပ်ရန်၊   အိမ်အပြင်သို့ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆီးချို၊ သွေးချို၊ နှလုံးစသည့် နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းများ မပြုလုပ်ရန်၊ ကိုဗစ်ရောဂါသံသယလက္ခဏာများပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူရန်၊  သတ်မှတ်စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း လိုက်လံအသိပေး နှိုးဆော်လျက် ရှိသည်။

အောင်စိုးဖေ(မြင်းမူ)