မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၇)ဦး ကျန်းမာကောင်းမွန်လျက်ရှိ

မောက်မယ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်( တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဇူလိုင် ၁၈ ရက်မှ ဇူလိုင် ၂၂ ရက်အထိ မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ထားရှိကုသလျက်ရှိသော တရားပြဆရာတော် တစ်ပါးသည် ကျန်းမာလာပြီး ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ထားရှိသော ကျား(၅)ဦး ၊ မ(၄)ဦး၊ ဟိုနမ့် တိုက်နယ် ဆေးရုံ Facility Quarantine တွင် ထားရှိသော သံဃာတော်(၃)ပါးနှင့် မောက်မယ် ပြည်သူ့ဆေးရုံ Facility Quarantine တွင် ကျား(၁)ဦး ၊ မ(၃)ဦး တို့အား ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင် းသိရသည်။ 

မောက်မယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသည့် အတည်ပြု လူနာပေါင်း(၁၇)ဦးရှိပြီး (၁၇)ဦးလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများအရ သိရသည်။ မောက်မယ်မြို့နယ်၌ မြို့နယ်အဆင့်COVID-19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့မှ အမျိုးသားများနေထိုင်ရန် ယခင်ကျန်းမာရေးအဆောက်အဦ  နှင့် အမျိုးသမီးများနေထိုင်ရန် မြို့နယ်နမ့်ယွမ်းခန်းမတွင် Quarantine Centre များဖွင့်လှစ်ထားရှိ ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)