မိုင်းယောင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့

မိုင်းယောင်း ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်  ဝမ်ဘန်း၊ ဝမ်လဲ၊ ဝမ်ဒေ၊ ဝမ်မိုင်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် အလှူရှင်များက ဇူလိုင် ၂၁ ရက်တွင်  ရေဘေး ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် အမှတ်(၈)ရပ်ကွက်မှ ပြည်သူများက ထောက်ပံ့သော သောက်ရေသန့်များ၊ မားမားခေါက်ဆွဲ စသည့် ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့က ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်မှုကြောင့် တောင်ကျရေနှင့် ချောင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားကာ နေအိမ်အတွင်း ရေများဝင်ရောက်ခြင်း၊ လယ်ယာမြေများ ရေကြီးနစ်မြုပ်ခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းတို့ ကြုံတွေ့နေရသော ရေဘေးသင့် ပြည်သူများအား ဌာနဆိုင်ရာများ၊ မြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ရေဘေးကယ်ဆယ်ရေး ပစ္စည်းများကို နေ့စဉ် သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း