ဒဂုံ(ဆိပ်ကမ်း)  ဇူလိုင် ၂၂ 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် မိဘပြည်သူများ ပူးပေါင်းပါ၀င်ဆောင်ရွက်မှသာ ရောဂါကူးစက်မှုလျော့နည်းနိုင်မည်ဖြစ်၍ မြို့နယ်တွင်းရှိ ရပ်ကွက်များ၌ ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့်အချက်များကို ဇူလိုင် ၂၂ ရက်တွင် လိုက်လံနှိုးဆော် ခဲ့ကြသည်။

အဆိုပါနှိုးဆော်ချက်တွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း mask ကို စနစ်တကျ တပ်ဆင်ရန်နှင့် mask မတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ရန်၊ လူစုလူဝေးရှိသော နေရာများကိုရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေ၀င်လေထွက်ကောင်းသော အခန်းများ၌သာ နေထိုင်ရန်၊ အပြင်မှပြန်လာတိုင်း mask များကို စနစ်တကျစွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလို ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများ volunteer များနှင့် လုံခြုံရေးအဖွဲ့များပူးပေါင်း၍ ပြည်သူများအတွက် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)