မြင်းခြံ ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ စည်ပင်သာယာဈေးနှင့် သုဓမ္မာတိုက်တန်းဈေးတို့တွင် Mask Campaign ကို ဇူလိုင် ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ စည်ပင်သာယာဈေးနှင့် သုဓမ္မာတိုက်တန်းဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကူးစက်ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် Mask တပ်ဆင်သွားလာရေး အတွက် Mask အခုရေ (၅၀၀) ကို မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပေးဝေခဲ့ကြသည်။
မြင်းခြံမြို့တွင် ကျန်ရှိနေသေးသည့် စံပြဈေးကိုလည်း နောက်ရက်များတွက် ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ


