မကွေး ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် ဇူလိုင် ၂၁ ရက်က မကွေးခရိုင်အတွင်းရှိ ချောက်မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကွာရန်တင်းစင်တာများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကွာရန်တင်းစင်တာများ ဆောင်ရွက်ထားရှိမှုအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ထူးသည် ရေနံချောင်းမြို့နယ် သို့ ရောက်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်တိုင်းရင်းဆေးရုံနှင့် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ လူနာများ ထားရှိနိုင်ရေးအတွက် ရေနံချောင်းတက္ကသိုလ်ရှိ ကွာရန်တင်းစင်တာများ ပြင်ဆင် ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက  ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများ အား ကုသပေးမှု အခြေအနေများ၊ ကွာရန်တင်းစင်တာများ ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

စည်သူလွင်(ပြန်/ဆက်)

 

 6.jpg