နေပြည်တော် ဇူလိုင် ၂၃
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိမှုနှင့် ပြည်သူများသို့ ထိုးနှံပေးနိုင်မည့် အခြေအနေများ၊ ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိ လာမည့် အခြေအနေများနှင့် ထပ်မံမှာယူထားရှိမှုအခြေအနေများ၊ အောက်ဆီဂျင်များကို ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများတွင် တိုးမြှင့်ထုတ်လုပ်နေမှုနှင့် ပြည်ပမှလည်း အဆက်မပြတ် တင်သွင်းလျက် ရှိသည့် အခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။
MDN


