ဝေါ    ဇူလိုင်    ၂၃

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့အရှေ့ဘက်ကမ်းရပ်ကွက်၌ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်များကို ဝေါမြို့ အရှေ့ဘက်ကမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်သော လူငယ်ပရဟိတများက အခြေခံမိသားစု အိမ်ထောင်စု ၄၀၀ ကျော်အတွက်  လိုက်လံထောက်ပံ့လှူဒါန်းခဲ့သည်။

လူငယ်ပရဟိတအဖွဲ့အနေဖြင့် ဒေါ်အိအိဇင် ရွှေနေဝင်းဆန်စက်က ဆန်အိတ် ၂၀၊ ဦးညီညီ သီရိမာလာ ဆန်စက်ဆန်က ဆန် ငါးအိတ်၊ ဦးဇော်ထိုက်မိသားစုက ဆန် တစ်အိတ်၊ ဦးစုချစ် မိသားစုက ဆန် ခုနစ်အိတ်နှင့် ကြက်သွန်နီ သုံးအိတ်၊ အလှူရှင်အသီးသီးမှ လှူဒါန်းသော အစားအစာများကို အိမ်တိုင်ရာရောက် သွားရောက်ကူညီလှူဒါန်းကြခြင်း ဖြစ်ပြီး တစ်အိမ်ထောင်လျှင် ဆန် နှစ်ပြည်၊ ကြက်သွန်နီ ၃၀ သားတို့ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)