မြို့သစ် ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ စေတီကျေးရွာအနီး၊ တမူး-စေတီကားလမ်း မိုင်တိုင်အမှတ် (၄၁/၅)နှင့် (၄၁/၆)ကြား၊ အလျား ၅၂ ပေ၊ အကျယ် ၁၃ ပေရှိ ပတ်ချောင်းသစ်သားတံတားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချဉ်းကပ်လမ်းမြေသားနံရံ ရေတိုက်စားပြီး ပြိုကျကာ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် တံတားကျိုးကျ သွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး သက်ဆိုင်ရာက စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)


