မောက်မယ် ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဟိုနမ့် တိုက်နယ်ဆေးရုံတွင် မန္တလေးမှ ပြန်လာသော အမျိုးသား တစ်ဦးနှင့် တောင်ကြီးမှ ပြန်လာသော ကိုရင်တစ်ပါး၊ မောက်မယ်ပြည်သူ့ဆေးရုံတွင် ယခင်လူနာနံပါတ်(၁)နှင့် ထိစပ်ထားသူ ၅၇ ဦးအား RDT Test Kit ဖြင့် ဇူလိုင် ၂၂ ရက်က ထပ်မံစစ်ဆေးရာ အတည်ပြုလူနာ ခြောက်ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများအရ သိရသည်။ 
အတည်ပြုလူနာများဖြစ်သည့် ဟိုနမ့်ကျေးရွာမှ အမျိုးသား နှစ်ဦးကို ဟိုနမ့်တိုက်နယ် ဆေးရုံတွင်လည်းကောင်း၊ စျေးတန်းရပ်ကွက်မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးကို မောက်မယ်ပြည်သူ့ဆေးရုံ Facility Quarantine တွင်ထားရှိပြီး လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၄င်းတို့နှင့် ထိစပ်ပုဂ္ဂိုလ်များအား ထပ်မံစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မောက်မယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိိသည့် အတည်ပြု လူနာပေါင်း ၂၃ ဦးရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)