ညောင်ဦး ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေရန် ဇူလိုင် ၂၂ရက် ညနေပိုင်းက ညောင်ဦးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးဆောင်တော်မူကာ ညောင်ဦးမြို့နှင့် ပုဂံမြို့ လမ်းမကြီးများပေါ်တွင် အန္တရာယ်ကင်း ပရိတ် ပဋ္ဌာန်း တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့ရှိ သံတော်ဆင့်ကုန်းမှ လမ်းမကြီး တစ်လျှောက်၊ အမှတ်(၇)၊ ဝက်ကြီးအင်းရပ်မ ှတောင်ဘီကျေးရွာ၊ မြင်းကပါကျေးရွာ လမ်းမကြီးတစ်လျှောက်၊ သီရိပစ္စယာမီးပွိုင့်မှ ပုဂံမြို့သစ်လမ်းမကြီးတစ်လျှောက်၊ အနော်ရထာ နှစ်လမ်းသွား လမ်းမကြီးအတိုင်း ဆရာတော်၊ သံဃာတော် ၁၁ ပါးက အန္တ ရာယ်ကင်း ပရိတ် တရားတော်နှင့် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရပြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လိုက်ပါပူဇော်ခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


