မိုင်းပျဉ်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ဇူလိုင် ၂၁ ရက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဆင်မောင်းကျေးရွာအုပ်စုရှိ မိုင်းပျဉ်း-တာကော်ကားလမ်း မိုင်တိုင် ၇ နှင့် ၉ အကြားတွင် တောင်ပြို၍ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပေးခဲ့သဖြင့် ဇူလိုင် ၂၃ ရက်တွင် ယာဉ်များပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)


