မိုင်းယု ဇူလိုင် ၂၄

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် မိုင်းယုမြို့ တာကြန့်ကျေးရွာအုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယု ကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့်ပြိုကျခဲ့သည့် ကွန်ကရစ်တံတားအမှတ် ၁/၂၀ အားပြုပြင်ပြီး၍ ဇူလိုင် ၂၃ ရက်မှစတင်ကာ ၁၃ တန်အောက်ကားများ တစ်စီးချင်းဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

တံတားပြုပြင်ရာ၌ မိုင်းယုမြို့ မိုင်းယုမြို့လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးဟန်ရည်ထွန်းနှင့် တာဝန်ရှိသူများက ပြည်သူများ လတ်တလောသွားလာနိုင်ရန်အတွက် သစ်သားခုံများခံခြင်း၊ ချောင်းအတွင်း ရေလွှဲမြောင်းတူးဖော်ခြင်း၊ တံတားချဉ်းကပ်နေရာအား မြေသား၊ သဲကျောက်များဖြည့်တင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)