တွံတေး ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများအား ကုသနိုင်ရန်နှင့် နာတာရှည်ရောဂါသည်များ အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် တွံတေးမြို့နယ် စိတ္တသုခ လူမှုကယ်ဆယ်ရေးအသင်းသို့ အလှူရှင်များမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အလှူရှင်များက စိတ္တသုခလူမှု ကယ်ဆယ်ရေးအသင်းသို့ အောင်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် စေတနာရှင်များက အလှူငွေများ လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အဆိုပါ အောက်ဆီဂျင်စက်သည် ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် တွံတေးမြို့နယ်၏ လိုအပ်ချက်အရ တစ်ရက်လျှင် ၄၀ လီတာ အိုး (၈၀) ထွက်ရှိသည့် အောက်ဆီဂျင်စက် တစ်လုံး တည်ဆောက်သွားမည်ဖြစ်ပြီး ကုန်ကျမှုတန်ဖိုးမှာ ငွေကျပ်သိန်း(၁၂၀၀)ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


