နေပြည်တော် ဇူလိုင် ၂၅
နေပြည်တော်ပုဗ္ဗသီရိမြို့နယ်တပင်ရွှေထီးရပ်ကွက်ရှိ ခုတင် ၃၀၀ ဆေးရုံတွင် အောက်ဆီဂျင်အရည် တန် ၂၀ ဆံ့ စက်ရုံတည်ဆောက်မှု ဇူလိုင်နောက်ဆုံး ပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း နေပြည်တော် ကောင်စီမှ သိရသည်။
အဆိုပါ စက်ရုံပြီးစီးပါက တစ်နေ့လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၄၄၀ ထွက်ရှိမည်ဖြစ်ပြီး နေပြည်တော်အတွင်းရှိ မြို့နယ်များအပြင် အောက်ဆီဂျင် လိုအပ်သောနေရာများသို့ ဖြန့်ဖြူးသွားနိုင်မည် ဖြစ်သည်။ စက်ရုံကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ အလှူရှင်များ၏ မတည်လှူဒါန်းမှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအဆောက်အဦ အထူးအဖွဲ့(၄)က တစ်လအတွင်း အပြီးတည်ဆောက်နေ ခြင်းဖြစ်သည်။
သန်းမင်းအောင်(သတင်းစဉ်)


