ကျောင်းကုန်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြည်သူ့ဆေးရုံဝန်ထမ်းများအား အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ခြင်း
ကို ဇူလိုင် ၂၄ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဝင်းနောင်နှင့် အဖွဲ့ဝင်(၃) လ.ဝ.ကဦးစီးမှူး ဦးမျိုးဝင်းရှိန်တို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က လက်ခံရယူခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံရှိဝန်ထမ်းများအား ကြက်ဥ (၁၀၀၀)လုံး၊ ဆီ (၂၅) ပိဿာ၊ ကြက်သွန်နီ ပိဿာ(၁၀၀)၊ ကြက်သွန်ဖြူ (၅၀)ပိဿာနှင့် ဆန်(၅)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်၌ ယခု တတိယလှိုင်းတွင် တစ်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၁၀)ဦး တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းသူ (၂၇၄)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ (၁၁၅)ဦးရှိကာ သေဆုံးသူ(၂၁)ဦးရှိကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


