မန္တလေး  ဇူလိုင်  ၂၅

 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက်ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ဇူလိုင် ၂၅ ရက် နံနက် နာရီခွဲမှစတင်၍ စုရပ်တစ်နေရာလျှင် ၅၀ ဦးနှုန်းဖြင့် စုရပ် နေရာတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသော စုရပ်များမှာ ၃၆ နှင့် ၆၄ လမ်းထောင့်ရှိ အမှတ် () အခြေခံပညာမူလတန်းကျောင်း၊ ၃၇ လမ်း၊ ၇၃ နှင့် ၇၄ ကြားရှိ လက်ပံတန်းဓမ္မာရုံ၊ ၈၂ လမ်း၊ ၃၆ နှင့် ၃၇ လမ်းကြားရှိ အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် မဟာအောင်မြေ အားကစားကွင်းတို့ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ကျော်မြဝင်းနှင့်အဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိပ်ထားနိုင်(ပြန်/ဆက်)