ထန်းတပင်(ပဲခူး) ဇူလိုင် ၂၅

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာ ကန့်သတ်ထားသည့် နေအိမ်များနှင့် ကျန်းမာရေးမကောင်းသည့် နေအိမ်များရှိ မိသားစုဝင်များအား မြို့နယ် ပရဟိတအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် မိသားစုဝင်များနှင့် ယင်းတို့နှင့်ထိစပ်သော မိသားစုဝင်များ၊ ကျန်းမာရေးမကောင်း၍ အခက်အခဲဖြစ်နေသည့် မိသားစုဝင်းများအား ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်များအား ပရဟိတအဖွဲ့များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထန်းတပင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အမှန်တကယ် အခက်အခဲဖြစ်နေသည့် မိသားစုများအား အခြေခံစားသောက်ကုန်များ လိုအပ်ပါက အကူအညီများ ဆက်သွယ်တောင်းခံနိုင်ပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ပေးထားကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)