ရွှေပြည်သာ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီ၏အစီအစဉ်ဖြင့် ပေးအပ်သော အောက်ဆီဂျင်အိုးများကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ ကြောင်းသိရသည်။
အောက်ဆီဂျင် ၄၀ လီတာအိုးအလုံး (၅၀)အား ရွှေပြည်သာ မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက်(၁၀)လုံး၊ ရပ်ကွက်ကျေးရွာ (၂၇)ခု အတွက်အလုံး(၄၀)အား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များထံ ပေးအပ်ခဲ့ပြီး ဆက်လက်ပြီး ၎င်းတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးများမှ အောက်ဆီ ဂျင်လိုအပ်သော ပြည်သူများထံ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)


