ဇေယျာသီရိ  ဇူလိုင် ၂၅

 

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                   

 

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များကို မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် နေ့စဉ်လိုက်လံသတိပေးနှိုးဆော်လျက်ရှိပြီး ရပ်ကွက်/ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးရုံးတွေမှတစ်ဆင့် အသံချဲ့စက်ဖြင့် သတိပေးတာတွေရှိပါတယ်၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်းများ၊ ဈေးဆိုင်စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရောင်းချနေခြင်း ရှိ/မရှိကို နေ့စဉ် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပါတယ်၊ ကုသရေးအနေနဲ့ကတော့ တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှုဖြင့် ကိုဗစ်-၁၉ ပိုးတွေ့ပြီး ရောဂါမပြင်းထန်လူနာများကို ယခု ခုတင်(၅၀)ဆံ့ ဆေးရုံမှာကုသပေးပါတယ်၊ ဇေယျာသီရိမြို့နယ်အတွင်း နေထိုင်သည့်ပြည်သူများအနေဖြင့် အနံ့ပျောက်၊ ချောင်းဆိုး၊ ကိုယ်လက်မအီမသာ၊ ကိုဗစ်-၁၉ သံသယရှိပြီး ရောဂါမပြင်းထန်သူလူနာများအား လယ်ဝေးဘောလုံးကွင်း Community Based Test Centre For PUI တွင် နံနက် နာရီတွင် ၅၀ ဦး၊ မွန်းလွဲ နာရီ ၅၀ ဦး စစ်ဆေးဆောင်ရွက်ပေးပြီး ပြည်သူများအနေဖြင့် ၀၉၈၈၀၈၃၇၃၅၃ ကို ကြိုတင်ဆက်သွယ်ပြီး ပြသလို့ရသည့်အပြင် သံသယလူနာရောဂါပြင်းထန်ပြီး အသက်ရှုကြပ်၊ အောက်ဆီဂျင်ကျ၊ အခြေအနေဆိုးရင် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ၊ ပျဉ်းမနားခုတင် ၂၀၀ ဆေးရုံ၊ လယ်ဝေး ခုတင် ၁၀၀ ဆေးရုံတို့တွင် သွားရောက်ပြသ လို့ရပါတယ်ဟု ဇေယျာသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ဆေးရုံအုပ် ဒေါက်တာဝေယံအောင်၏ ပြောပြချက်အရ သိရသည်။

                                   

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၄၃ ဦးရှိပြီး ယင်းတို့အနက် ရှစ်ဦး သေဆုံးခဲ့ကြောင်း ဇေယျာသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ဆေးရုံအုပ်၏ ပြောပြချက်အရ သိရသည်။

 

အေးလင်းထွန်း(ပြန်/ဆက်)

 

DSC00411.JPG