ပလောက်  ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့ အမှတ်() ရပ်ကွက်မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာနှစ်ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိရာ ယနေ့တွင် ကျန်းမာရေး ကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်ပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ပလောက်တိုက်နယ်ဆေးရုံဆရာဝန်၏ဆေးရုံဆင်းခွင့် ခွင့်ပြုချက်ဖြင့် ဟိတကာရီလူမှုကူညီရေး အသင်းမှ လူနာတင်မော်တော်ယာဉ်ဖြင့် ၎င်းတို့၏ နေအိမ်အထိ လိုက်ပါပို့ဆောင်ပေးပြီး ဆေးရုံမှ ဆင်းသည့်နေ့မှ စ၍ ခုနစ်ရက်အထိ မိမိနေအိမ်၌ အသွားအလာကန့်သတ်၍ Home Quarantine အဖြစ် သီးခြားနေထိုင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တိကျစွာလိုက် နာနေထိုင်ရန် အသိပေး မှာကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်၊ ပြန်ဆက်