မကွေး ဇူလိုင် ၂၆
မကွေးဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်၊အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အဖွဲ့ဝင်(၅) ရဲမှူးကြီးလှိုင်တင့်၊အတွင်းရေးမှူး ဦးဝင်းရှိန်နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီအချိန်က မကွေးမြို့၊ အဝေးပြေးကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် ပထမအကြိမ် ရောက်ရှိလာသည့် အောက်စီဂျင်အိုးများ စနစ်တကျ ထားရှိဆောင်ရွက်နေ မှုနှင့် အောက်စီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အောက်စီဂျင်လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ မကွေးမြို့၊ အဝေးပြေး ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် အောက်စီဂျင်စက်ရုံ တည်ဆောက်လျက် ရှိပြီး အဆိုပါအောက်စီဂျင်စက်ရုံအတွက် လီတာ (၄၀)ဆံ့အောက်စီဂျင်အိုး အလုံး (၁၀၀၀)မှာယူထားရာ ဇူလိုင်လ ၂၅ ရက်ယနေ့ ညနေပိုင်းက လီတာ (၄၀)ဆံ့ အောက်ဆီဂျင်အိုးအလုံး (၂၀၀) ပထမအကြိမ် စတင်ရောက်ရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့သည် အောက်စီဂျင်အိုးများအား မကွေးမြို့ အဝေးပြေးကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီနှင့်လူမှုရေးအသင်းအဖွဲ့များမှ စနစ်တကျထားရှိဆောင်ရွက်နေမှုအား ကြည့်ရှုအား
ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊အဆိုပါ၀န်းအတွင်း အောက်စီဂျင်စက်ရုံတည်ဆောက် ပြီးစီးမှုအခြေ အနေအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်ရက်လျှင် အောက်စီဂျင် (၄၀)လီတာအိုး အလုံး(၃၀၀) ထွက်ရှိသည့်စက်(၁)လုံးနှင့်အောက်ဆီဂျင်(၄၀ ) လီတာအိုး အလုံး (၁၀၀) ထွက်ရှိသည့် စက် (၃)လုံးဖြင့် တိုင်းဒေသကြီးအတွင်းရှိပြည်သူများ အောက်စီဂျင်လုံလောက်စွာ ရရှိရေးစီမံဆောင်ရွက်လျက်ရှိရာ စေတနာရှင် ပြည်သူများအနေဖြင့် (၄၀)လီတာဆံ့ အောက်အာက်ဆီဂျင်အိုး(၁)အိုးလျှင် အလှူငွေ (၂၅၀၀၀၀/-) ကျပ်နှစ်သိန်းငါးသောင်း နှုန်းဖြင့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆက်သွယ်လှုဒါန်းနိုင်ကြောင်း သိရသည် ။
မောင်ညီညာ(မကွေး)


