mdn

 

ပူတာအို ဇူလိုင် ၂၆

 

ကချင်ပြည်နယ်၊ပူတာအိုခရိုင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့၀င်များသည် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့၀င်များလိုက်ပါ၍ မူလာရှီးဒီပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် Quarantine Centerများအား ဇူလိုင်(၂၅)ရက် မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ပူတာအိုခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌနှင့် တာ၀န် ရှိသူများသည် မူလာရှီးဒီပူးပေါင်းစစ်ဆေးဂိတ်တွင် မြစ်ကြီးနား-ပူတာအိုခရီးသည်အ၀င်အထွက် စာရင်းပြုစု ထားရှိမှုအခြေအနေများ၊ အပူချိန်တိုင်းတာပေးနေမှုများနှင့်ကိုဗစ်-၁၉ရောဂါစစ်ဆေးပေးနေမှုအခြေအနေများ ကိုကြည့်ရှုစစ်ဆေးပြီး ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌက မူလာရှီးဒီပူးပေါင်းစစ်ဆေးရေးဂိတ်တွင်တာ၀န်ထမ်းဆောင်ကြသော၀န်ထမ်းများအတွက် ကိုဗစ်-၁၉ရောဂါကာ ကွယ်ရေးသုံးပစ္စည်းများထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့၀င်များသည် အသွားအလာကန့်သတ်စောင့်ကြည့်ခံသူများထားရှိသည့် အိုးအိမ် Quarantine Center နှင့် ပိုးတွေ့လူနာများထားရှိသည့် အစိုးရနည်းပညာအထက်တန်းကျောင်း Quarantine Centerသို့ ရောက်ရှိလာရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးကျော်ကျော်လွင်က Quarantine Centerတွင်ထားရှိသူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များနှင့်နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။ထို့နောက်ခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌက Quarantine Center များ တွင်တာ၀န်ထမ်းဆောင်ကြသော ပရဟိတအဖွဲ့အစည်းများအားတွေ့ဆုံအားပေးစကားပြောကြားပြီး လုပ်ငန်း လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ပူတာအိုမြို့နယ်တွင် ယနေ့အထိပိုးတွေ့လူနာပေါင်း(၆၂)ဦးရှိ ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၄)ဦးနှင့်သေဆုံးသူ(၁)ဦးရှိနေပြီဖြစ်ကြောင်းသိရသည်။

 

ခရိုင်ပြန်/ဆက်