ပင်လုံ ဇူလိုင် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ပင်လုံမြို့ နောင်လိုင်ကျေးရွာအုပ်စုရှိဘုန်းကြီး(၇)ကျောင်းနှင့် နောင်လိုင်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စု(၄၅၀)စုအား ပင်လုံမြို့ ငွေပင်လုံ ကုမ္ပဏီမိသားစု(ဉီးစိုးမြင့်) နှင့် ဟေဟိန်း ကုမ္ပဏီ(မိသားစု)တို့မှ ဇူလိုင် ၂၅ ရက်က လှူဒါန်းမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပင်လုံမြို့ နောင်လိုင်ကျေးရွာဘုန်းကြီးကျောင်းအတွက် ဆန်(၆)အိတ်၊ ဆီ(၁၀)ပိဿာ(၃)ပုံး၊ ကုလားပဲ(၂) အိတ်စီ၊ အသားဘူး ဝက်+ငါး(၅၀)ဘူး၊ ဆပ်ပြာမုန့်(၂)အိတ်၊ ဆေးဝါး(၅၀)ကတ် လှူဒါန်းပေးခဲ့ပြီး၊ နောင်လိုင်ကျေးရွာအုပ်စု ရှိ ဘုန်းကြီးကျောင်း(၆)ကျောင်းအတွက် တစ်ကျောင်းလျှင် ဆန်(၁)အိတ်၊ ဆီ(၁)ပုံး၊ ကုလားပဲ(၁၅)ပိဿာ (၁)အိတ်၊ အသားဘူး(၂၅) ဘူး၊ ဆေးဝါး(၁၀)ကတ် လှူဒါန်းပေးခဲ့ပြီး ပုံမှန်ဝင်ငွေမရှိ၍ ခက်ခဲသောအိမ်ခြေ(၄၅၀) အတွက် အိမ် ထောင်စု(၁)စုလျှင် ဆန်(၄)ပြည်၊ ဆီ(၉၀)ကျပ်သား (၁)ဘူး၊ အသားဘူး(၁)ဘူး၊ ကုလားပဲ (၁)ပိဿာ၊ဆပ်ပြာမုန့်(၁)ထုပ်၊ ဆေးဝါး(၂)ကဒ်စီ စုစုပေါင်း ထောက်ပံ့ကူညီမှု (၆)မျိုးစီကို ယနေ့ ၂၅-၇-၂၀၂၁ ရက်နေ့ မွန်းလွှဲအချိန်ခန့်က ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းနှင့် အခြားကျေးရွာအုပ်စုများအား လှူဒါန်းမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ သည်။
ပင်လုံမြို့နယ် ပြန်/ဆက်