တနင်္သာရီ ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ တတိယပတ်တွင် မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၆ရက်နေ့ နံနက် ၁၀ နာရီအချိန်တိုင်းတာချက်အရ သာမန်မြစ်ရေထက် ၁၅ပေ-၆လက်မအထိ ရောက်ရှိနေပြီဖြစ်ပြီး မြို့နယ်အတွင်း အနိမ့်ပိုင်းနေရာတစ်ချို့တွင် မြစ်ရေများစတင်ဝင်ရောက်နေပြီဖြစ်သည်။
တနင်္သာရီမြို့၏ပုံမှန်မြစ်ရေအမှတ်သည် သာမှန်မြစ်ရေအထက်(၅)ပေဖြစ်သည်။ စိုးရိမ်ရေအမှတ်မှာပုံမှန်မြစ်ရေအထက်(၁၇)ပေဖြစ်ပြီး၊အန္တရာယ်ရေအမှတ်က(၂၄)ပေဖြစ်သည်။ သို့ပါ၍ တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၁ပေ-၆လက်မ)သာ ကျန်ရှိပြီဖြစ်သည်။
တနင်္သာရီမြို့နယ်သည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတဲ့ကပင် နှစ်စဉ် ဇွန်/ဇူလိုင်/ဩဂုတ်လများတွင် မြစ်ရေကြီးလျက်ရှိကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


