ဇလွန် ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များရှိလာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာကြရန်ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် မီးပွိုင့်လမ်းဆုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များအား ပြည်သူများမှ တိတိကျကျလိုက်နာဆောင်ရွက်ရန်နှင့် နေအိမ်ပြင်ပထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရန် ၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာ ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာကုသမှုခံယူကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကို အသိပေး နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


