mdn

တိုက်ကြီး  ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အောက်စီဂျင်ထောက်ပံ့ရေးအဖွဲ့ဥက္ကဌ နှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဝေဒနာရှင်များ အောက်စီဂျင်များ လုံလောက်စွာရရှိရေးအတွက် အောက်စီဂျင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်စီဂျင်များ ဖြန့်ဝေရာတွင် တိုက်ကြီးပြည်သူ့ဆေးရုံ အတွက် ၄၀ လီတာအိုး (၁၀)အိုး၊ အဖျောက်တိုက်နယ်ဆေးရုံအတွက် ၄၀ လီတာအိုး  (၅)အိုး၊ ဥက္ကံတိုက်နယ်ဆေးရုံအတွက် ၄၀ လီတာအိုး  (၇)အိုး နှင့် တော်လတီတိုက်နယ်ဆေးရုံ အတွက် ၄၀ လီတာအိုး   (၃)အိုးတို့ကိုဖြန့်ဝေ ပေးခဲ့ပါသည်။ 

ထိုသို့ အောက်စီဂျင်အိုးများ ဖြန့်ဝေရာတွင် လာရောက်ထုတ်ယူသူများကို အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ အဖျောက်မြို့၊ ဥက္ကံမြို့များရှိ ပြည်သူများ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူများ အောက်စီဂျင်များ လုံလောက်စွာ ရရှိရေး အတွက် အခက်အခဲများဖြစ်ပေါ်မှုမရှိစေရေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်စိုး ထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)