ကျိုက်ဒုံ ဇူလိုင် ၂၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဇူလိုင်လ၂၆ရက် နံနက်၈နာရီက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဟောင်သရောမြစ်ရေလျှံတက်လာပြီး စိုးရိမ်ရေအမှတ်(၅၁၈) စင်တီမီတာသို့ကျော်လွန်ပြီး (၆၂၀)စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ကျိုက်ဒုံမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊အမှတ် (၃)ရပ်ကွက်သို့ ရောက်များဝင်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရေကြီးမှုကြောင့် ကျိုက်ဒုံမြို့အမှတ်(၃)ရပ်ကွက် တီံဿရာမ စာသင်တိုက်၊တောင်ပေါ်ကျောင်း၊ အမှတ်(၂)ရက်ကွက်အထက(ကျိုက်ဒုံ)တို့တွင်ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိပြီးတီံဿရာမစာသင် တိုက်တောင်ပေါ်ကျောင်းနှင့် အထက(ကျိုက်ဒုံ)တို့တွင် ရေဘေးသင့်ပြည်သူ အိမ်ခြေ(၃၉)လုံး၊အိမ်ထောင်စု (၃၉)စု၊ ကျား(၅၄)ဦး၊ မ(၆၇)ဦး စုစုပေါင်း(၁၂၁)ဦးပြောင်းရွှေ့နေထိုင်ပြီးမြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်နှင့်ဌာနဆိုင်ရာများ၊နယ်မြေစခန်းမှူးနှင့်ရဲတပ်ဖွဲ့များ၊မီးသတ်တပ်ဖွဲ့များ၊တာဝန်ရှိသူများကရေဘေးသင့်ပြည်သူများကို ကိုဗစ်-၁၉
ကာကွယ်ရေး စည်ကမ်းချက်များနှင့်အညီနေထိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်


