မိုးညှင်း ဇူလိုင် ၂၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှဝန်ထမ်းများသည် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများကို ဇူလိုင်(၂၆)ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ထုတ်ပေးလျက်ရှိသည်။
အဆိုပါ ပင်စင်စားများကို(၂၆)ရက်နေ့မှစတင်၍ တစ်နေ့လျှင် လူဦးရေ(၄၀၀)ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိုးညှင်းမြို့တွင် အငြိမ်းစားပင်စင်စားစုစုပေါင်း(၁၇၅၃)ဦးရှိကြောင်း မိုးညှင်းမြို့မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာဒေါ်ခင်မြတ်မြတ်ကျော်ထံမှ သိရသည်။
မိုးညှင်း(ခရိုင်-ပြန်/ဆက်)


