ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၇

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေအရ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြိုနယ်၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေ့စဉ် စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် ဒေသအတွင်းကူးစက်ပြန့်နှံ့မှုလျော့နည်းပြတ်တောက်နိုင်စေရေး၊ ပူးပေါင်းဆောင်ရွက်နိုင်စေရေး အတွက် အရေးတကြီးမလိုအပ်ပဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုလုပ်ရန်၊ မဖြစ်မနေအရေးအကြောင်းကိစ္စဖြင့် ပြင်ပသို့သွားလာရပါက ယာယီအပြင်ထွက်ခွင့်ကတ်ပြားယူဆောင်သွားရန် ၊ ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် ညွှန်ကြားချက်များကို လိုက်နာရန်၊ ဇူလိုင်လကုန်သည်အထိ အတတ်နိုင်ဆုံး မိမိအိမ်အတွင်းမှာသာနေထိုင်ရန်နှင့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များမှအပ ကွမ်းယာဆိုင်အပါအဝင် ကျန်အရောင်းဆိုင်များအားလုံးပိတ်ထားရန် စသည်တို့ကို နေ့စဉ် စဉ်ဆက်မပြတ် မြို့တွင်း မြို့ပြင် ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာများတွင် မြို့နယ်ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပေးနှိုးဆော် ကြေညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့အဝင်/ အထွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင်လည်း သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာသွားလာခြင်း ရှိ မရှိ နေ့စဉ် စဉ်ဆက်မပြတ် အထူးကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး

mdn