ကျောက်ဖြူ   ဇူလိုင် ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပေါ်ရပ်ကွက်များရှိ လမ်းအားလုံးသို့လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန် ရယ်ရွယ်ပြီး ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက်မှ သံဃာတော်များမှ ယမန်နေ့၊ ညနေ ၄ နာရီအချိန်က မော်တော်ယာဉ်ဖြင့် မြို့တွင်း/မြို့ပြင်လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေများပက်ဖျန်းခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နဂါးကျောင်းတိုက်မှ သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းမြေ့စောနှင့်မြို့မိ/မြို့ဖများက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ သံဃာတော်အရှင်သူမြတ်တို့က မော်တော်ယာဉ်များဖြင့် မြို့တွင်း/မြို့ပြင်လှည့်လည်၍ ရတနာ့ပရိတ်နှင့် အန္တရာယ် ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပြီး၊ ပရိတ်ရေများ ပက်ဖျန်းပေးခဲ့သည်။

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း၂၅၀ ဦး၊ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ ၁၀၆ ဦး၊ ဆေးကုသခံယူနေသူ ၁၃၅ ဦး၊ သေဆုံးသူ ၁၁ ဦးအထိရှိကြောင်း ကျန်းမာရေးဦးစီးဌာနပြောကြားချက်အရ သိရသည်။

ဖြိုးဝေလင်း၊ တင်ထွန်းဦး