အိမ်မဲ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို ဇူလိုင် ၂၈ ရက်ည(၉)နာရီအချိန်က လှည့်လည်၍ နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှိုးဆော်ချက်များကို မြို့ပေါ်ရပ်ကွက်များ၊ မြို့မစျေး၊ မြို့အဝင် စစ်ဆေးရေးဂိတ်နှင့် တကောကျေးရွာတို့တွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ဇွန်လ ၂၅ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင် း(၃၄၃)ဦး၊ ဆေးရုံဆင်းလူနာ(၁၆၉)ဦး၊ လက်ရှိကုသမှုခံယူနေသူ(၈၆)ဦးနှင့် သေဆုံးလူနာ(၃၁)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


