ဖားကန့် ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက် ၈နာရီခန့်က Mask Campaign အနေဖြင့် နှာခေါင်းစည်း(Mask) များဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ကို ဖားကန့်မြို့ပေါ် မော်ဝမ်းရပ်ကွက်ရှိ မြို့မရဲစခန်းရှေ့တွင်ပြုလုပ်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(Mask) အခုရေ (၅၀၀) ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာများ ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သော Mask Campaign ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
ထို့ပြင် ဖားကန့်မြို့အတွင်းရှိ ရပ်ကွက်များတွင်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် volunteer များပူးပေါင်းကာ နှာခေါင်းစည်း(Mask)များ ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖားကန့်(ပြန်/ဆက်)


