ချောင်းဆုံ ဇူလိုင် ၂၉

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကွမ်ရိုက်ကျေးရွာ၌ တောင်မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင် ၂၈ ရက် ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ လမ်းဦးစီးဌာနနှင့် ဆည်/မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများသည် မြေပြိုသည့်နေရာအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် (ဆည်/မြောင်း) ဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်မောင်ဇော် ဦးဆောင်သော ဝန်ထမ်းများသည် မြေပြိုထားသည့်နေရာများတွင် မြေစာများ၊ သစ်ပင်သစ်ကိုင်းများအား စက်ယန္တရား ဖြင့် ရှင်းလင်းဆောင်ရွက်မှုအခြေအနေ၊ ထွက်ရှိလာသည့်မြေစာများအား စနစ်တကျနှင့် စုပုံထားရှိ နိုင်ရေးကို ကန်ကျောင်းဘုန်းတော်ကြီးကျောင်းဆရာတော်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ရှင်းလင်းခြင်းလုပ်ငန်းများ အမြန်ဆုံး ပြီးစီးဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးခဲ့ကြောင် းသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)