ညောင်ဦး ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ပုံဝကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရ၍ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းက သောက်သုံးရေ ရေဂါလန် ၃၀၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တောင်ပုံဝကျေးရွာတွင် အိမ်ထောင်စု ၈၄ စု၊ လူဦးရေ ၃၅၀ ဦးကျော်ခန့်ရှိပြီး ဒေသခံပြည်သူများမှာ နေ့စဉ် သောက်သုံးရေအတွက် စက်ရေတွင်းရှိသည့် ကျေးရွာများသို့ သောက်သုံးရေ သွားရောက်ဝယ်ယူ သုံးစွဲနေရ၍ ကျေးလက်နေ ပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
သောက်သုံးရေဂါလန် ၃၀၀၀ အား ကျေးရွာရှိ ရေလှောင်အုတ်ရေကန်အတွင်း ဖြည့်တင်း၍ အိမ်ထောင်စုအလိုက် သောက်သုံးရေဖူလုံစေရန် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


