တောင်ပြိုလက်ဝဲ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့နှင့် မီးတိုက်ကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာ အုပ်စုများတွင် ဇူလိုင် ၂၆ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းပြီး တောင်များပြိုခြင်း၊ ကားလမ်းများ ပိတ်ဆိုးခြင်း၊ နေအိမ်များ ရေနစ်မြုပ်ခြင်းတို့ ဖြစ်ပွားခဲ့ရာ စျေးဆိုင်ခန်းများ၊ စားနပ်ရိက္ခာများနှင့် အိမ်မွေးတိရစ္ဆန်များ ဆုံးရှုံးခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် ဇူလိုင် ၂၉ ရက်တွင်  အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC)၊  ဂရုဏာရှင်ကွန်ရက်အဖွဲ့နှင့် စေတနာရှင်များက စာနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထောက်ပံ့ပေးအပ်ရာတွင် မီးတိုက်ကျေးရွာရှိအုပ်စု အိမ်ခြေ ၁၅၈ အိမ်၊ လူဦးရေ ၆၇၇ ဦးအတွက် ဆန်တစ်အိတ် ၂၅ ကီလိုဆံ့ အိတ် ၂၀၀ နှင့် အခြားစာနပ်ရိက္ခာများကို ICRC က ထောက်ပံ့ ပေးအပ်ခြင်းနှင့် ဂရုဏာရှင် ကွန်ရက်အဖွဲ့နှင့် စေတနာရှင်များ၊ မောရဝတီစေတနာရှင်အဖွဲ့တို့က ဆန် ၁၀ အိတ်၊ မာမီး ခေါက်ဆွဲများနှင့် အခြားစားနပ်ရိက္ခာများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ICRC က သဲချောင်းကျေးရွာအုပ်စုဖြစ်သည့် သင်္ဘောလှကျေးရွာ၊ သာကုန်းကျေးရွာ၊ မော်လဝီကျေးရွာများရှိ အိမ်ထောင်စု ၁၃၉ စု၊ လူဦးရေ ၈၆၁ ဦးအတွက် ငါးသေတ္တာ ၁၇၂၂ ဘူး၊ စားဆီ ၈၆၁ လီတာ၊ ပဲ ၂၅၈၃ ကီလို၊ ဆန် ၈၆၁ ကီလို၊ ဆား ၁၃၉ ထုပ်၊ သကြား ၈၆၁ ထုပ်၊ လက်ဖက်ခြောက်ထုပ် ၁၃၉ ထုပ်၊ ဆပ်ပြာ ၂၇၈ ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)