ဇလွန် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အထက(၁)၊ အထက(၂)၊ အမက(ကမ်းနား)နှင့် အမက(တံတောင်ကွေ့)တို့၌ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြသည်။
ဇလွန်မြို့နယ်တွင် ဇူလိုင် ၃၀ ၃၁ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဦးစားပေး အုပ်စုများခွဲခြားကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)


