ရန်ကုန် ဇူလိုင် ၃၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင်  ဇူလိုင် ၂၉ ရက် ညနေပိုင်းမှ စတင်၍ အောက်စီဂျင်အမှန်တကယ် လိုအပ်နေသူများကို မြို့နယ်အောက်စီဂျင်ဖြန့်ဝေရေး အထောက်အကူပြု ကော်မတီ၏ ကြီးကြပ်မှုဖြင့် လီတာ ၂၀ ဆံ့ အောက်စီဂျင်၂၉ အိုးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၃၂)ရပ်ကွက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်  အမှန်တကယ်လိုအပ်နေသည့် လူနာများကို ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် အောက်စီဂျင်အိုးများကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)