သာယာဝတီ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ဗဟိုအကျဉ်းထောင်အတွင်းရှိ ဓမ္မာရုံ၌ ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီက ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံရာတွင် အကျဉ်းသား (၁၄)ဦး၊ အချုပ်သား (၁၄၆)ဦး စုစုပေါင်း (၁၆၀)ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်း သိရသည်။
သန့်ဇော်


