လှိုင်းဘွဲ  ဇူလိုင်  ၃၁

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းနှင့် တစ်ချို့ကျေးရွာများတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ ရေးဘေးသင့် ဘုန်းတော်ကြီးများ ဆွမ်းအခက်အခဲမရှိစေရန်အတွက် ဆန်အိတ်များလှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် ဇူလိုင် ၃၀ ရက်က Fylly Light Group of Co,Ltd , Eastern Myanmar Hotel (မြဝတီ) မိသားစုမှ လှိုင်းဘွဲမြို့နယ် ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်(၇၅)အိတ်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းသန်းမှ လက်ခံရယူခဲ့သည်။

 

အဆိုပါဆန်အိတ်များကို သက်ဆိုင်ရာ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၏ စာရင်းကောက်ယူပြီး ပြန်လည်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)