တုံတာ             ဇူလိုင်  ၃၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှစ၍ တုံတာမြို့တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများက ကာကွယ်ဆေးလာရောက်ထိုးနှံသော ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များ နှင့်အညီ စနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။

 

တုံတာမြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူများနှင့် ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသော ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၂ ရက်နေ့  နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ (၃) ရက်တာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)