ရွှေတောင် ဇူလိုင်၃၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျ၍ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဇူလိုင် ၃၀ ရက်က ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေတောင်မြို့နယ်အတွင်းရှိ တရုတ်မှော်ကျေးရွာအုပ်စု သာစည်ကျေးရွာနှင့် ရွှေဟင်္သာကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတို့ရှိ လူနေအိမ် (၄၂)အိမ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အဖွဲ့တို့မှ အိမ်ထောင်စု (၁)စုလျှင် ပြောင်းရွေ့စရိတ် (၁၀၀၀၀ဝ)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၄၂)စုအတွက် ငွေကျပ် (၄၂၀၀၀၀ဝ)၊ လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး (၂၁၀ဝ)ကျပ်နှုန်းဖြင့် လူဦးရေ (၁၃၇)ဦးအတွက် ငွေကျပ် (၂၈၇၇၀ဝ)ကျပ် စုစုပေါင်းငွေကျပ် (၄၄၈၇၇၀ဝ) ကျပ်အား ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း


